An angel of the Lord appeared to Joseph in a dream, ရှင်မဿဲခရစ်ဝင်။ 1:18-25

An angel of the Lord appeared to Joseph in a dream

1:18 သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန်​စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင်​မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။-

19 ယော​သပ်​သည်​စိတ်​သ​ဘော​ထား​မြင့်​မြတ်​သူ​ဖြစ်​သည်​အ​လျောက်​မာ​ရိ​အား​အ​သ​ရေ​မ​ပျက်​စေ​လို​သ​ဖြင့် သူ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​မှု​ကို​တိတ်​တ​ဆိတ်​ဖျက်​သိမ်း​ရန်​အ​ကြံ​ရှိ​၏။-

20 ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က “ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို​မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင်​ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။-

21 သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင်​မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု​နာ​မည်​မှည့်​ရ​မည်” ဟု​ဆို​၏။

22 ဤ​အ​မှု​အ​ရာ​များ​မှာ​ပ​ရော​ဖက်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ခဲ့​သော​ဗျာ​ဒိတ်​တော်​အ​တိုင်း​ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။-

23 ဗျာ​ဒိတ်​တော်​ကား “အ​ပျို​က​ညာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ဧ​မာ​နွေလ

24 သို့​ဖြစ်​၍​ယော​သပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​အ​မိန့်​ရှိ​ခဲ့​သည့်​အ​တိုင်း မာ​ရိ​အား​မိ​မိ​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​လေ​၏။-

25 သို့​ရာ​တွင်​သား​ယောက်ျား​ဖွား​မြင်​သည်​တိုင်​အောင်​မာ​ရိ​နှင့်​ပေါင်း​သင်း​နေ​ထိုင်​မှု​ကို​မ​ပြု​ဘဲ​နေ​၏။ ထို​သား​ကို​ယေ​ရှု​ဟု​နာ​မည်​မှည့်​လေ​၏။
ရှင်မဿဲခရစ်ဝင်။ 1:18-25


ဒီယူနစ်အတွက်အခြား module တွေ: - Other modules in this unit: