Abel a righteous man, ကမ္ဘာဦးကျမ်း 4:1-16

Background Information:

Cain and Abel

4:1 ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကို ဘွားမြင် လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟုဆိုလေ၏။
2 တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ် သောသူဖြစ်၏။

3 အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့၊ မြေအသီးကို ဆောင်ခဲ့၏။
4အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။
5ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။

6 ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက် သနည်း။
7 သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏ အလိုသို့လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။

8 ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီ အာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။

9 ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။

10 ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား။
11 သို့ဖြစ်၍သင့်ညီ၏ အသွေးကို ခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့်၊
12 ယခုမှစ၍ မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ။ မြေကြီးပေါ်မှ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။

13 ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော။
14 အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည်။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို၏။

15 ထာဝရဘုရားကလည်း သို့ဖြစ်၍ ကာဣနကို သတ်သောသူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည် သူ၌ အမှတ်ပေးတော်မူ၏။
16 ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား၍၊ ဧဒင်ပြည် အရှေ့၊ နောဒပြည်တွင် နေလေ၏။
ကမ္ဘာဦးကျမ်း – Genesis 4:1-16


ဒီယူနစ်အတွက်အခြား module တွေ: - Other modules in this unit: