ဓမ္မဟောင်းကျမ်း - Old Testament Overview
ဓမ္မဟောင်းကျမ်းစာကို ယေဘုယျလေ့လာခြင်း - Old Testament Overview
Complete OT: Click on a image for more information.

ကမၻာဦး – The beginning – The beginning God created the earth – Undated Past, ကမ္ဘာဦးကျမ်း 1:1-2

1:1 အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
1:2 မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။
ကမ္ဘာဦးကျမ်း 1:1-2   ပိုပြီးဖတ်ပါ »

The 7 or Seven Days of Creation – Undated Past, ကမ္ဘာဦးကျမ်း 1:1-3:24

1:1 အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ 2 မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ 3 ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ 4 ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ၏။   ပိုပြီးဖတ်ပါ »

အာဒံ, ကမ္ဘာဦးကျမ်း 1:26-2:25 – Adam was the first created man specifically named in Scripture, ကမ္ဘာဦးကျမ်း 1:26-2:25

1:26 တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ 27 ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊   ပိုပြီးဖတ်ပါ »

Eve the first woman specifically named in Scripture, ကမ္ဘာဦးကျမ်း 2:18-25

2:18 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။ 19 ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။ 20 ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး၊   ပိုပြီးဖတ်ပါ »

Abel a righteous man, ကမ္ဘာဦးကျမ်း 4:1-16

4:1 ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကို ဘွားမြင် လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟုဆိုလေ၏။ 2 တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ် သောသူဖြစ်၏။ 3 အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့၊ မြေအသီးကို ဆောင်ခဲ့၏။ 4အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။ 5ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။   ပိုပြီးဖတ်ပါ »

1100 Years gap Between Adam and Noah, ကမ္ဘာဦးကျမ်း 5:1-32

5:1 အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။ 2 လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။ 3 အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။ 4 ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 5 အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ၏။   ပိုပြီးဖတ်ပါ »

Noah built an ark, ကမ္ဘာဦးကျမ်း 6:8-22

6:8 နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။ 9 နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။ 10 နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ 11 ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ပြီ။ 12 ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။   ပိုပြီးဖတ်ပါ »

Noah builds an Ark for God, ကမ္ဘာဦးကျမ်း 6:9-9:28

7:1 ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။ 2 မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊ 3 မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။   ပိုပြီးဖတ်ပါ »

400 year gap between Noah and Abraham, ကမ္ဘာဦးကျမ်း 11:10-32

11:10 ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။ 11 အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။ \ 12 အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။ 13 ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ 14 ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။ 15 ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။   ပိုပြီးဖတ်ပါ »

Abraham the father of nations, ကမ္ဘာဦးကျမ်း 12:1-25:11

12:1 ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။ 2 ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။ 3 သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။   ပိုပြီးဖတ်ပါ »

Sarah was the wife of Abraham, ကမ္ဘာဦးကျမ်း 11:29-23:20

11:29 အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။ 30 စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။ 31 တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။   ပိုပြီးဖတ်ပါ »

Isaac Abraham’s son, ကမ္ဘာဦးကျမ်း 25:20-34

20 ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူ လာဗန်၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။ 21 ဣဇာက်သည်၊ မိမိမယား ရေဗက္ကမြုံသော ကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရား နားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။ 22 ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။   ပိုပြီးဖတ်ပါ »

Esau was Isaac’s favorite son, ကမ္ဘာဦးကျမ်း 25:19-34

25:19 အာဗြဟံသား ဣဇာက်၏အဆက်အနွှယ်ဟူ မူကား၊ အာဗြဟံသားကား ဣဇာက်တည်း။ 20 ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူ လာဗန်၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။ 21 ဣဇာက်သည်၊ မိမိမယား ရေဗက္ကမြုံသော ကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရား နားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။ 22 ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။   ပိုပြီးဖတ်ပါ »

Jacob the favorite son of Isaac, ကမ္ဘာဦးကျမ်း 27:1-29

27:1 အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့် တူ၏။ " 2 အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သော အခါ သေရမည်ကို ငါမသိ။ 3 မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊ 4 ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို၏။   ပိုပြီးဖတ်ပါ »

Rachel, ကမ္ဘာဦးကျမ်း 29:15-30

29:14 ၂၉:၁၄ လာဗန်က၊ အကယ်စင်စစ် သင်သည် ငါ့အရိုး အသားပင်ဖြစ်၏ဟု ဆိုလေ၏။ 15 ၁၅ ယာကုပ်သည် တလခန့်မျှ နေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ ကျွန်ခံရပါ မည်လော။ ခံလိုသောအခကို ငါ့အား ပြောလော့ဟု ဆိုလေ၏။ 16 ၁၆ ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး ကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည် ရှိ၏။ 17 ၁၇ လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။ 18 ၁၈ ယာကုပ်သည် ရာခေလကို ချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှါ၊ ခုနစ်နှစ်အစေခံပါမည်ဟု ဆိုလျှင်၊   ပိုပြီးဖတ်ပါ »

Death of Joseph, ကမ္ဘာဦးကျမ်း 50:22-26

50:22 ၅၀:၂၂ ထိုသို့ယောသပ်သည် မိမိအဘ၏ အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက်တရာတဆယ်ကိုမှီ၏။ 23 ၂၃ ဧဖရိမ်၏မြေးကို မြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာ မွေးစားရ၏။ 24 ၂၄ ယောသပ်ကလည်း၊ ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့် အရှုကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့၊ ဤပြည်မှ ဆောင်သွား တော်မူမည်ဟု အစ်ကိုတို့အားဆို၏။   ပိုပြီးဖတ်ပါ »

300 year gap between Joseph and Moses, ကမ္ဘာဦးကျမ်း 50:22-Exodus 1:22

1:1 ၁:၁ မိမိတို့ အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလ သားတို့၏အမည်ဟူမူကား၊ 2 ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ 3 ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊ 4-5 ၄-၅ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ - ယာကုပ် အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။ 6 ယောသပ်နှင့် အစ်ကိုများမှစ၍၊ ထိုကာလ အမျိုးသားအပေါင်းတို့သည် သေကြကုန်၏။ 7 ဣသရေလအမျိုးသားတို့သည် သားကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး၌ နှံ့ပြားကြလေ၏။   ပိုပြီးဖတ်ပါ »

Miriam the older sister of Moses, ထွက်မြောက်ရာကျမ်း။ 2:1-10

2:1 ၂:၁ Nထိုကာလ၌ လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊ 2 မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ်လုံး ဖွက်ထားလေ၏။ 3 နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။ 4 သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး၌ ရပ်နေလေ၏။   ပိုပြီးဖတ်ပါ »

God spoke to Moses out of a burning bush, ထွက်မြောက်ရာကျမ်း။ 3:1-4:17

3:1 ၃:၁ မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တော နောက်ဘက်သို့ ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။ 2 ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင်၊ 3 အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။ 4 မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲက ခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။   ပိုပြီးဖတ်ပါ »

Moses was asked to take off his sandals by God, ထွက်မြောက်ရာကျမ်း။ 3:5-10

3:1 မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တော နောက်ဘက်သို့ ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။ 2 ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင်၊ 3 အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။ 4 မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲက ခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။   ပိုပြီးဖတ်ပါ »


Manna means ‘What Is It’?, ထွက်မြောက်ရာကျမ်း။ 16:1-36

16:1 တဖန် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှ ထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ၏။ 2 ထိုတော၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊ 3 ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။   ပိုပြီးဖတ်ပါ »

Moses at Mount Sinai, ထွက်မြောက်ရာကျမ်း။ 19:1-25

19:1 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ တတိယလ တရက်နေ့၌ သိနာတောသို့ ရောက်ကြ၏။ 2 ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။ 3 မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊ 4 ငါသည် အဲဂုတ္တုလူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။   ပိုပြီးဖတ်ပါ »

The Golden Calf the idol made by Aaron, ထွက်မြောက်ရာကျမ်း။ 32:1-35

32:1 မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန် ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။ 2 အာရုန်ကလည်း၊ သင်တို့မယား သားသမီးများ၏ နား၌ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ ဆောင်ခဲ့ကြဟုဆိုလျှင်၊ 3 လူအပေါင်းတို့သည် မိမိတို့နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။   ပိုပြီးဖတ်ပါ »

Say to the Rock ‘Give Water’, တောလည်ရာကျမ်း 20:1-13

20:1 သက္ကရာဇ်လေးဆယ်၊ ပဌမလ၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ သင်္ဂြိုဟ် လေ၏။ 2 ပရိသတ်တို့သောက်စရာ ရေမရှိသောကြောင့်၊ မောရှေနှင့်အာရုန်တဘက်၌ စုဝေးကြလျက်၊ 3 ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ၊ ငါတို့လည်း မသေပါလေ။ 4 ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။   ပိုပြီးဖတ်ပါ »

Joshua God’s warrior, ယောရှုမှတ်စာ။ 5:13-6:21

5:13 ယောရှုသည် ယေရိခေါမြို့အနားမှာ ရှိနေစဉ် မြော်ကြည့်၍၊ လူတယောက်သည် ထားကိုထားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့ သွား၍ သင်သည်ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန် သူဘက်၌နေသောသူလောဟုမေးသော်၊ 14 ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူးဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပြပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့ မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊ 15 ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ် မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအ ရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြု လေ၏။   ပိုပြီးဖတ်ပါ »

The two spies were Joshua’s eyes, ယောရှုမှတ်စာ။ 2:1-24 and 6:22-25

2:1 နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။ 2 ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊ 3 ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။ 4 ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ။   ပိုပြီးဖတ်ပါ »

Rahab helped Israel to take Jericho, ယောရှုမှတ်စာ။ 2:1-24

2:1 ၂:၁ နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။ 2 ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊ 3 ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။   ပိုပြီးဖတ်ပါ »

Rahab saved from death, ယောရှုမှတ်စာ။ 6:22-25

6:22 ၆:၂၂ ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊ " 23 ၂၃ တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊ 24 ၂၄ မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။   ပိုပြီးဖတ်ပါ »

Gideon the fifth Judge of Israel, Judges 6:1 – 8:35

now starting at Judges 6:11
6:11 ၆:၁၁ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည်လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသား ယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသား ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှါ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကို နယ်လျက်နေ၏။ 12 ၁၂ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရ ဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟု ဆိုလျှင်၊  ပိုပြီးဖတ်ပါ »

Ruth, the great grand mother of King David, Ruth 1:16-2:23

1:16 ၁:၁၆ ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။ 17 ၁၇ ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို၏။ 18 ၁၈ ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ၏။   ပိုပြီးဖတ်ပါ »

Jephthah the Gileadite the tenth Judge of Israel, Judges 11:16-40 & 12:1-7

11:1 ၁၁:၁ ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ သူ့အဘကား ဂိလဒ်၊ သူ့အမိကား ပြည်တန်ဆာဖြစ်၏။ 2 ဂိလဒ်၏မယား ဘွားမြင်သော သားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကို ဆို၍ နှင်ထုတ်လေ၏။" 3 ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာ စည်းဝေး၍ သူ့နောက်၌ 4 နောက်တဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။  ပိုပြီးဖတ်ပါ »

Samson the 14th Judge of Israel, Judges 13:1-16:31

13:1 တဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။ 2 ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ၏။ သူ၏မယားသည် မြုံသော ကြောင့် သားမဘွား။ 3 ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ 4 သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။   ပိုပြီးဖတ်ပါ »

Samuel the fifteen Judge of Israel anoints two kings Saul and David, 1 Samuel 16:1-13 and 2 Samuel

16:1 တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။ " 2 ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။   ပိုပြီးဖတ်ပါ »

King Saul Spear, 1 Samuel 18:5-15

15:5 ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမှုသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။ 6 ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သောအစရှိ သည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊ 7 ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။   ပိုပြီးဖတ်ပါ »

David uses his slingshot, 1 Samuel 17:40-58

17:40 တဖန် မိမိတောင်ဝေးကို ကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။ 41 ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။ 42 ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူ ဖြစ်၏။ 43 ဖိလိတ္တိလူက၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။   ပိုပြီးဖတ်ပါ »

ရှောလမုန်မင်းကြီးရဲ့ပလ္လင်တည်ထောင်သည် – King Solomon’s Throne Established, 1 Kings 2:13-46

2:13 ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက် လာပါ၏။ 14 ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော်၊ မယ်တော်က ပြောပါဟု ပြန်ဆို၏။ 15 အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို၎င်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက် ချင်သည်အကြောင်းကို၎င်း မယ်တော်သိပါ၏။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက် သို့ ရောက်ပါပြီ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ၏။   ပိုပြီးဖတ်ပါ »

King Rehoboam, 1st Kings 11:41-12:24

12:1 ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်း သွား၏။ 2 ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ်၏သား ယေရောဗောင်သည် ထိုသိတင်း ကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။ 3 ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက်၊ 4 ခမည်းတော်သည် ကျွန်တော်တို့၌ လေးသောထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုးလေး ကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်မူလျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။   ပိုပြီးဖတ်ပါ »

Jonah a prophet of God

1:1 အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ 2 သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏။ 3 သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ၏။   ပိုပြီးဖတ်ပါ »

Isaiah the prophet (739BC-690BC) wrote the book Isaiah, 2 Kings 18:1-20-21

1:1 ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊   ပိုပြီးဖတ်ပါ »

Jeremiah is put down a well, Jeremiah 38:1-28

38:1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့ ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့်သေလိမ့်မည်။ 2 ခါလဒဲလူတို့ ဘက်သို့ ထွက်သွားသော သူသည် အသက်ချမ်းသာ၍၊ လက်ရ ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်ဟူ၍၎င်း၊ ဤမြို့ ကို ဗာဗုလုန်ရှင် ဘုရင်၏ဗိုလ်ခြေလက်သို့ ဆက်ဆက် အပ်၍၊ သူသည် သိမ်းယူလိမ့်မည်ဟူ၍၎င်း၊ 3 ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ၊ ပါရှုရသားဂေဒလိ၊ ရှေလမိသားယေဟုကလ၊ မာလ ခိသားပါရှုရတို့သည်ကြားသောအခါ၊   ပိုပြီးဖတ်ပါ »

Daniel in the Lions Den, Daniel 6:1—28

6:1 ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေး အလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကို၎င်း၊ 2 အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံးပါးကို၎င်း အလိုတော်ရှိသည်အတိုင်း ခန့်ထား တော်မူ၏။ ထိုဝန်ကြီး သုံးပါးတွင်ဒံယေလသည် ဝန်ကြီး အရာကို ရသည်သာမက၊ 3 ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော် တနိုင်ငံလုံးကို သူ၌ အပ်နှင်းမည် ဟုရှင်ဘုရင်သည် အကြံရှိတော်မူ၏။ 4 ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကို ရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ်တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊   ပိုပြီးဖတ်ပါ »

Esther becomes the Queen of Persia

1:1 အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည်၊ 2 ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင်၊ 3 ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဘို့ ပွဲလုပ်တော်မူ၏။ . 4 ထိုအခါနိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။ 5 ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ၏။   ပိုပြီးဖတ်ပါ »

Nehemiah rebuilds the walls, Nehemiah 2:1-3:2l

2:1 ဟာခလိသား နေဟမိစကားဟူမူကား၊ အာတ ဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ ခိသလုလတွင်၊ ငါသည် ရှုရှန်နန်းတော်၌ ရှိနေစဉ်၊ [[444BC] of King Artaxerxes] 2 ငါ့ညီ ဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ၍၊ ငါသည် သိမ်းသွားခြင်းကို ခံရသောယုဒလူစုထဲ က လွတ်သော သူတို့၏ အကြောင်းအရာနှင့်၊ ယေရုရှလင်မြို့၏ အကြောင်းအရာကို မေးမြန်းလျှင်၊ 3 သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။   ပိုပြီးဖတ်ပါ »

Malachi the last Old Testament writer

1:1 ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလို   ပိုပြီးဖတ်ပါ »

The time gap between Malachi the last book of the Old Testament and Matthew the first of the gospels.

The 400 year time gap between Malachi the last book of the Old Testament and New Testament with Matthew the first of the gospels. This period was from about 420BC to about 7BC. God was fulfilling prophecy and counting down to the time for Jesus to arrive on this earth. This 400 year gap God hardly spoke to his people. Until Just before Jesus was born. The Greek translation of the Hebrew Bible started about 284 B.C It was called the Septuagint which means 70.   ပိုပြီးဖတ်ပါ »

Angel Gabriel God’s messenger about the birth of Jesus- Luke 1:26-38

1:26 ဧ​လိ​ရှ​ဗက်​ကိုယ်​ဝန်​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​သော​အ​ခါ​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား​ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ရှိ​မိန်း​မ​ပျို​တစ်​ဦး​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။- 27 ထို​မိန်း​မ​ပျို​သည်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သူ​ယော​သပ်​နာ​မည်​ရှိ​အ​မျိုး​သား​တစ်​ဦး​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ​ဖြစ်​၏။- 28 သူ​၏​နာ​မည်​မှာ​မာ​ရိ​ဖြစ်​၏။ ကောင်း​ကင်​တ​မန်​သည်​မာ​ရိ​ထံ​သို့​လာ​၍ ``ထူး​ကဲ​သော​ကျေးဇူး​တော်​ကို​ခံ​စား​ရ​သည့်​အ​မျိုး​သ​မီး၊ သင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်'' ဟု​ဆို​၏။ 29 ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​စိတ်​မ​ငြိမ်​မ​သက်​ဖြစ်​ကာ ဤ​နှုတ်​ဆက်​စ​ကား​ကား​အ​ဘယ်​သို့​နည်း​ဟု​တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။-   ပိုပြီးဖတ်ပါ »

The cross a Roman method of killing people, Luke 22:1-24:12

read: ရှင်လုကာခရစ်ဝင်။ 22:1-24:12
Also read:
ရှင်မဿဲခရစ်ဝင်။ 26:17-27:10, ရှင်မာကုခရစ်ဝင်။ 15:1-16:20 and ရှင်ယောဟန်ခရစ်ဝင်။ 19:1-20:30   ပိုပြီးဖတ်ပါ »

The author and giver of all faith – Jesus