The angel Gabriel spoke to Mary about the Birth of Jesus, ရှင်လုကာခရစ်ဝင်။ 1:26-38

Background Information:

The Birth of Jesus Foretold

1:26 ဧ​လိ​ရှ​ဗက်​ကိုယ်​ဝန်​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​သော​အ​ခါ​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား​ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ရှိ​မိန်း​မ​ပျို​တစ်​ဦး​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-

27 ထို​မိန်း​မ​ပျို​သည်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သူ​ယော​သပ်​နာ​မည်​ရှိ​အ​မျိုး​သား​တစ်​ဦး​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ​ဖြစ်​၏။-
28 သူ​၏​နာ​မည်​မှာ​မာ​ရိ​ဖြစ်​၏။ ကောင်း​ကင်​တ​မန်​သည်​မာ​ရိ​ထံ​သို့​လာ​၍ “ထူး​ကဲ​သော​ကျေးဇူး​တော်​ကို​ခံ​စား​ရ​သည့်​အ​မျိုး​သ​မီး၊ သင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်” ဟု​ဆို​၏။
29 ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​စိတ်​မ​ငြိမ်​မ​သက်​ဖြစ်​ကာ ဤ​နှုတ်​ဆက်​စ​ကား​ကား​အ​ဘယ်​သို့​နည်း​ဟု​တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။-
30 ကောင်း​ကင်​တ​မန်​က “မာ​ရိ၊ မ​ကြောက်​နှင့်၊ သင်​သည်​ဘု​ရား​သ​ခင်​ရှေ့​တော်​မှာ​မျက်​နှာ​ပွင့်​လန်း​ပြီ။-
31 သင်​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ရ​တ​နာ​ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယေ​ရှု​နာ​မည်​ဖြင့်​မှည့်​ရ​မည်။-
32 ထို​သား​သည်​ကြီး​မြတ်​လိမ့်​မည်။ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟု​အ​ခေါ်​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ့​အ​ဖ​ဒါ​ဝိဒ်​မင်း​၏​နန်း​မွေ​ကို​သူ့​အား​ပေး​တော်​မူ​လိမ့်​မည်။-
33 သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ်​မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက်​သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်” ဟု​မာ​ရိ​အား​ပြော​၏။
34 မာ​ရိ​က “ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ်​သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား​ဖွား​နိုင်​ပါ​မည်​နည်း” ဟု​ကောင်း​ကင်​တ​မန်​အား​မေး​၏။

35 ကောင်း​ကင်​တ​မန်​က “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည်​သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား​လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို​သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏​သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-
36 သင့်​ဆွေ​မျိုး​ဖြစ်​သော​ဧ​လိ​ရှ​ဗက်​သည်​လည်း​အို​မင်း​ခါ​မှ သား​ရ​တ​နာ​ကို​ကိုယ်​ဝန်​ဆောင်​လျက်​ရှိ​၏။ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​လေ​ပြီ။-

37 ဘုရား​သ​ခင်​တတ်​နိုင်​တော်​မ​မူ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ” ဟု​ဆို​၏။

38 မာ​ရိ​က “ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ရှင်​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ​သော” ဟု​ကောင်း​ကင်​တ​မန်​အား​ပြန်​ပြော​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​မာ​ရိ​ထံ​မှ​ထွက်​ခွာ​သွား​၏။
ဧ​လိ​ရှ​ဗက်​ထံ​သို့​မာ​ရိ​သွား​ရောက်​ခြင်း​
ရှင်လုကာခရစ်ဝင်။ 1:26-38

ရှင်လုကာခရစ်ဝင်။ – Luke chapters 1:1-2:52 & 3:21-38

ရှင်မဿဲခရစ်ဝင်။ – Matthew chapters 1:1- and 2:1-23


ဒီယူနစ်အတွက်အခြား module တွေ: - Other modules in this unit: